Blogger Widgets

မြန်မာ

မဂ်လာပါanyataya.poet@gmail.com
မဂ်လာပါ... အညတရ ပရဟိတ ဆိုဒ်လေးသို့ ရောက်လာခဲ့သော သူငယ်ချင်း ညီအကို မောင်နှမအားလုံးကို လိုက်လှည်းပျူငှာနွေးထွေးစွားကြိုဆိုပါ၏.. ကျွန်တော် အညတရ တော်လွန်းတတ်လွန်း နေလို့ ဒီဆိုဒ်လေးကို တည်ထောင်ခဲ့ရတာမဟုတ်ပါဘူး ဘာမှမသိ့ဘာမှမတတ်ပဲ ယောင်ဝါးဝါး စမ်းတ၀ါးဝါး နဲ့ ယိုင်နဲ့နဲ့ တည်ဆောက်နေတာပါ အမှား အယွန်းများ ရှိခဲ့ရင် သွန်သင်ညွှန်ပြပေးစေးလိုပါတယ် အားလုံးကိုချစ်တဲ့ အညတရ
မင်းနှင်းသစ်
Blogger Tips And Tricks|Latest Tips For BloggersFree BacklinksBlogger Tips And Tricks
....

Monday, April 1, 2013

မြန်မာ့(၁၂)လရာသီ ပွဲတော်များ

0
တန်ခူးတန်ခူး
ကန်ဆုန်ကန်ဆုန်
ယုန်နယုန်
ဝါဆိုဝါဆို
ဝါခေါင်ဝါခေါင်
တော်သလင်းတော်တလင်း
သီတင်းကျွတ်
နတ်တော်နတ်တော်
ပြါသိုပြါသို
တပေါင်းတပေါင်း
 ၁။ တန်ခူးလ သင်္ကြန်ပွဲ

၂။ကဆုန်လ ညောင်ရေသွန်းပွဲ

၃။နယုန်လ စာပြန်ပွဲ

၎။ဝါဆိုလ ရှင်ပြုရဟန်းခံပွဲ

၅။ဝါခေါင်လ စာရေးတံမဲပွဲ

၆။တော်သလင်းလ လှေပြိုင်ပွဲ

၇။သီတင်းကျွတ်လ မီးထွန်းပွဲ

၈။တန်ဆောင်မုန်းလ ကထိန်ပွဲ

၉။နတ်တော်လ စာဆိုပွဲ

၁၀။ပြာသိုလ မြင်းခင်းသဘင်ပွဲ

၁၁။တပို့တွဲလ ထမနဲပွဲ

၁၂။တပေါင်း လ သဲပုံစေတီပွဲ

 **************************

မြန်မာ့(၁၂)လရာသီ အလှ ကဗျာစာစု

တန်ခူး


နွေသင်္ကြန်ပွဲတော်
ပိတောက်ပွင့်မယ့် ရက်ကိုမျှော်
စိတ်ကူးလေးနှင့်ပျော်..။






ကဆုန်


လမြတ်ရယ်ကဆုန်
ညောင်ရေပွဲမှာ သူနှင့်ဆုံ
ရွှေရင် ဒိတ်ဒိတ်ခုန်။




နယုန်


အဖူးပွင့်ရယ်စုံ
မြတ်လေးပန်းတို့ တောရဂုံ
မွှေးပျံ့လို့သင်းထုံ။




ဝါဆို




မိုးသားတိမ်ကညို
လွမ်းစိတ်တွေ ပိုသထက်ပို
ချစ်သော လ၀ါဆို။





ဝါခေါင်




ဝါခေါင်မို့ရေကြီး
ရွာတောင်မှာ လှေလေးစီးဖို့
သွားစို့ပျော်ပျော်ကြီး..။





တော်သလင်း



မျှော်ရင်းနှင့်တမ်းတ
တော်သလင်းခွန်းသရမ်ည
တူယှဉ်နွှဲပျော်က..။





သီတင်းကျွတ်



သော်တာလရယ်ဝင်း
ရွှေကြာလေးတွေ ပျံ့ပျံ့သင်း
ဆီမီးပြိုင်တူလင်း...။





တန်ဆောင်မုန်း



ကြယ်တာရာဝင်းပ
မယ်ဇလီဖူးသုပ်စားကြ
ဆေးပေါင်းခတဲ့ည..။



နတ်တော်



မြုခိုးရယ်ေ၀၀င့်
လူမျိုးတွေ တင့်ဖို့အတည်
မြင့်စို့ စာဂုဏ်ရည်..။




ပြာသို



လမြတ်ရယ်ပြာသို
ရနံ့မပြယ် မြခွာညို
နှစ်သစ်ကူးလည်းကြို..။



တပို့တွဲ



ငွေနှင်းပွင့်ဖြန့်ကျဲ
ကုမ်ရာသီနှင့် ပွင့်ပေါက်လဲ
လမြတ်တပို့တွဲ..။




တပေါင်း



ရွက်ဟောင်းမြေသက်ကြွေ
သရဖီတို့ ဖူးစည်ဝေ
တပေါင်းရောက်ပြီလေ..။
 
ရွှမ်းသိင်္ဃ(တနင်္သာရီ)

*********************************************
မြန်မာ ဆယ့်နှစ်လရာသီနှင့် သက်ဆိုင်သော ဆိုရိုးစကားများ
တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး။             ။တန်ခူးလတွင် ဖက်ဆွတ်မိုး၊ သင်္ကြန်မိုး ရွာသွန်းမြဲဖြစ်သည်။ 
တန်ခူးမည်မှတ်၊ ဖက်ဆွတ်ရေတိုး၊ သင်္ကြန်မိုး။      ။ တန်ခူးလတွင် ဖက်ဆွတ်ရေခေါ်သော ရေသည် ဧရာဝတီမြစ်မှာ တိုးမြဲ၊ သင်္ကြန်မိုးခေါ်သော မိုးသည် ရွာမြဲဟုဆိုလိုသည်။
တန်ခူး ရေကုန်၊ ကဆုန်ရေခန်း။               ။ အချို့ကန်များ အိုင်များသည် တန်ခူးလတွင် ရေနည်းစပြုလာပြီး ကဆုန်လတွင် ခန်းခြောက်လေ့ရှိသည်။ (တန်ခူး ရေကုန်၊ ကဆုန် ရေစစ် ဟူ၍လည်း အဆိုရှိသည်။    တန်ခူး ရေကုန်၊ ကဆုန် ရေစစ် ဆိုသည့်အတိုင်း မြစ်ရေသည် စစ်နေလေသည်။ တန်ခူး ရေကုန်၊ ကဆုန်ရေခန်းဟူသော စကားနှင့်အညီ ကျွန်းလှရွာရှိရေတွင်းများသည် နွေကာလ၌ ရေနည်းလာတတ်၏။ ငါးလွှတ်ပွဲလည်း ကျင်းပကြလေသည်။ တန်ခူး ရေကုန်၊  ကဆုန်ရေခန်းဟူသော စကားအတိုင်းပင် ကဆုန်လ၌ ရေကန်ရေအိုင်များ ခန်းခြောက်နေတတ်ပေသည်။
ကဆုန်အတွင်း၊ မြေသင်းပျံ့ပျံ့၊ မိုးနံ့နံ့။          ။ မိုးသည် ကဆုန်လတွင် မြေသင်းနံ့ထွက်ရုံလောက် ဖွဲဖွဲရွာသည်။
ကဆုန်အတွင်း၊ မြေသင်းပျံ့ပျံ့၊ မိုးနံ့နံ့။          ။ ကဆုန်လတွင် မြေငွေ့ပြန်အောင် မိုးရွာပုံဆော့သည် ဟုဆိုလိုသည်။
ကဆုန် နယုန် ဆွေ့ဆွေ့ခုန်။         ။ ကဆုန်လနှင့် နယုန်လ၌ ဆွေ့ဆွေ့ခုန်လောက်အောင် နေပူရှိန် အလွန်ပြင်းလှသည်။ မေလ၏နေသည် ချစ်ချစ်တောက်ပူနေသည်။ ကဆုန်၊ နယုန် ဆွေ့ဆွေ့ခုန် ဟူသော မြန်မာ ဆိုရိုးနှင့်လည်း ညီလှသည်။ နွေဥတုတွင် ပါဝင်သောကြောင့် ကဆုန်၊ နယုန် ဆွေ့ဆွေ့ခုန်ဟု စာချိုးရသည့် အထိ နေအပူ ပြင်းလှပေသည်။
ဝါကဆုန် နှမ်း နယုန်။     ။ ၀ါပင်ကို ကဆုန်လတွင် စိုက်ပျိုးရသည်။ နှမ်းပင်ကို နယုန်လတွင် စိုက်ပျိုးရသည်။
“ ၀ါစိုက်ခြင်းသည် နှမ်းစိုက်ခြင်းကဲ့သို့ အချိန်ကို လု၍ လုပ်ရသော စိုက်ပင်တစ်မျိုး ဖြစ်ရာ အချိန်ရာသီ မလင့်စေရန် အထူးဂရုပြုရသော အပင်မျိုးဖြစ်၏။ ထို့ကြောင့် ၀ါ၊ ကဆုန်၊ နှမ်းနယုန်ဟု ရှေးသူဟောင်းတို့ ဆိုရိုး ပြုခဲ့ကြလေသည်။
နယုန်မိုးသေး မြက်သားမွေး။         ။ နယုန်လတွင်း မိုးပေါက်ငယ်ငယ် ရွာတတ်သဖြင့် မြက်ပင်ကလေးများ ပေါက်ဖွားကြဆဲ ဟုဆိုလိုသည်။ နယုန်မိုးသေး မြက်သားမွေး ဆိုသော စကားအတိုင်း တိမ်လိပ်တိမ်ခဲများမှ မိုးသေး မိုးဖွဲ ကလေးများ တစ်ပြိုက်နှစ်ပြိုက် ကျလျက် မြက်ခင်း စိမ်းလဲ့လဲ့ ကလေးများ မြင်ရစပြုလျှင်ပင်။
ဝါဆိုလပြောင်း၊ မိကျောင်းဖွေးဖွေး၊ မိုးအေးအေး။               ။ ၀ါဆိုလသို့ ရောက်သောအခါ မိကျောင်းပန်း ဖြူဖြူဖွေးဖွေး တို့လည်း ပွင့်ကြသည်။ မိုးတစိမ့်စိမ့် ရွာသဖြင့် ရာသီဥတုမှာလည်း အေးသည်။ ( ၀ါဆိုတစ်ကြောင်း မိကျောင်းဖွေးဖွေး မိုးအေးအေး ဟူ၍လည်း အဆိုရှိသည်။)
ဝါဆိုလပြောင်း၊ မိကျောင်းဖွေးဖွေး၊ မိုးအေးအေး။
။ဝါဆိုလတွင် မိကျောင်းပွင့် အားကြီးဖြူးအောင် ပွင့်သည်။ မိုးရွာ၍ ရာသီအပူကင်းသည် ဟုဆိုလိုသည်။
ဝါဆိုဝါခေါင် ရေဖောင်ဖောင်။ ။ ၀ါဆိုလနှင့် ဝါခေါင်လတွင် မိုးကောင်းစွာ ရွာလေ့ရှိ၍  မြစ်၊ ချောင်း၊ အင်း၊ အိုင်တို့တွင် ရေပြည့် နေတတ်သည်။  ၀ါဆိုငယ်မှ ၀ါခေါင်၊ ရေဖောင်ဖောင်နှင့်။ အားရပါးရ ရွာချလိုက်သော မိုးသားမိုးရေများ ချောင်းပြည့်ကန်ပြည့် လျှံပြည့်လာသော ၀ါဆိုဝါခေါင် ရေဖောင်ဖောင် အချိန်သို့ရောက်ခဲ့သောအခါ ဟု ဤလကို စာဆိုဖွဲ့ကာ သင်္ကေတ ပြုကြသည်။
ဝါခေါင်တစ်ကြောင်း၊ ထနောင်းကြောင်ကျစ်၊ ဆူးရစ်ပွင့်ခါ၊ မိုးမရွာ၊ ရွာပါသော်လည်း၊ မိုးမသည်း။         ။ ၀ါခေါင်လတွင် အညာဒေသ၌  ထနောင်းပင်၊ ကြောင်ကျစ်ပင်၊ ဆူးရစ်ပင်တို့ပွင့်ကြသည်။ မိုးမှာမူမရွာတတ်၊ ရွာပါလျှင်လည်း မိုးမသည်းတတ်။ ၀ါခေါင်တစ်ကြောင်း၊ ထနောင်းကြောင်ကျစ်၊ ဆူးရစ်ပွင့်ခါ၊ မိုးမရွာ ၊ ရွာပါသော်လည်း မိုးမသည်း။ ၀ါခေါင်တစ်ကြောင်း၊ ထနောင်းကြောင်ကျစ်၊ ဆူးရစ်ပွင့်ခါ၊ မိုးမရွာ၊ရွာပါသော်လည်း မိုးမသည်း။             ။ ၀ါခေါင်လ ထနောင်းပင်၊ ကြောင်ကျစ်ပင်၊ ဆူးရစ်ပင်စသော သစ်ပင်များပွင့်သည့်အခါ မိုးအနည်းငယ်သာ ရွာသည်ဆိုလိုသည်။
ဝါခေါင် မိုးစိပ် ထွန်တုံးပိတ်။      ။ မိုးစိပ်စိပ်ရွာသည့် ၀ါခေါင်လသည် လယ်သမားများအတွက် ထွန်ယက်စိုက်ပျိုးသောလုပ်ငန်း ပြီးဆုံး၍ ထွန်တုံးပိတ်ချိန် ၀ါခေါင် မိုးပိတ် ထွန်တုံးပိတ် ဆိုသလို မိုးဖြူကလေးဖွဲဖွဲဟာ စဲတယ်လို့မှ မရှိဘဲ အခုလို မိုးရွာတုန်း ထွန်တုံးပိတ်ဖို့ အလုပ်ကလေးကလည်းအားနေကြတော့ တစ်ရွာလုံးလိုလို မိုးအေးအေးနဲ့ ကွေးနေကြတဲ့အခါ ဟုလည်း ဆိုလိုသည်။
တော်သလင်းညို၊ စားဖိုသည်ဆင်းရဲ၊ မိုးမစဲ။       ။ တော်သလင်းလတွင် ရွာသွန်းသောမိုးသည် မရပ်မစဲရှိတတ်ရာ စားဖိုသည်များ ဒုက္ခကြုံရသည်။
တော်သလင်းတိမ်ညို၊ စားဖိုသည်ဆင်းရဲ၊ မိုးမစဲ။ တော်သလင်းလမှာ မိုးရွာအားကြီးခြင်းကြောင့် ထမင်းဟင်းချက်ရသူတို့ ဒုက္ခရောက်သည်ဆိုလိုသည်။
တော်သလင်းနေ ပုစွန်သေ။         ။ တော်သလင်းလသည် မိုးကာလပင်ဖြစ်သော်လည်း နေ့အချိန်၌ နေပူရှိန်မှာမူ ပုစွန်သေလောက်အောင် ပူပြင်းလှသည်။
တော်သလင်းမိုး ကန်သင်းကျိုး။    ။ တော်သလင်းလတွင် ရွာသော မိုးသည် လယ်ကန်သင်းများ ကျိုးအောင် သဲသဲမဲမဲရွာတတ်သည်။ တော်သလင်း မိုးရွာခဲ့သော် တော်သလင်းမိုး ကန်သင်းကျိုးဟူသော ဆိုရိုးစကားကဲ့သို့ လယ်ကန်သင်းများ ကျိုးအောင် မပြတ်မစဲ တသဲသဲ ရွာနေတတ်သည်။  တစ်ခါတစ်ရံ မိုးကြီး တတ်သေးသည့် အတွက် တော်သလင်းမိုး ကန်သင်းကျိုးဟု ဆိုရိုးရှိခဲ့ပြန်ပေသည်။
တော်သလင်းမြစ်တွင်း သင်ဖြူးခင်း။     ။ တော်သလင်းလတွင် လှိုင်းလေငြိမ်သက်သဖြင့် ရေပြင်သည် သင်ဖြူးခင်းဘိသကဲ့သို့ ပြန့်ပြန့်ပြူးပြူးရှိသည်။ ယမုန်သာထူးတော့တယ်၊ သင်ဖြူးငယ် မြူစင်ဝယ်၊  ရေသဘင်သာညီဖွဲ့ ၊ ကန်ရာသီ ကြိမ်ဆဲပေမို့ ၊ ခါပွဲတော်၊ ။ ရေစီးအဟုန်မညံ့မပြင်း မြစ်တွင်းသာသောကြောင့် သစ်ဖောင် ၊ ၀ါးဖောင်အများ စုန်ဆင်းသည်၊ တော်သလင်းကို မြစ်တွင်း သင်ဖြူခင်းဟု ရှေးသူဟောင်းတို့ဆိုရိုးရှိသည်။
သီတင်းကျွတ်တွင် ၊ ပလ္လင်ဆေးမိုး ၊ ရွာသွန်ဖြိုး။     ။ သီတင်းကျွတ်လတွင် မိုးသည် သင်ပုတ်ပလ္လင် (ဘုရား ဆွမ်းတော်စွန့်ရာ အုတ်ခုံ) သန့်စင်သွား လောက်အောင်ရွာသည်။
တန်ဆောင်မုန်းတွင်း၊ ဆီးနှင်းတစ်ပြိုက်၊ မိုးတစ်လိုက်။         ။ တန်ဆောင်မုန်းလတွင် ဆီးနှင်းကျလိုက်၊ မိုးရွာလိုက်ဖြစ်တတ်သည်။ တန်ဆောင်မုန်းတွင်း၊ ဆီးနှင်းတစ်ပြိုက်၊ မိုးတစ်လိုက်။ တန်ဆောင်မုန်းလမှာ မိုးရွာမြဲ၊ နှင်းကျမြဲ ဆိုလိုသည်။
တန်ဆောင်မုန်းမိုး၊ ကန်ကျိုးအောင်ရွာ။      ။ အညာရပ်၌ တန်ဆောင်မုန်းလတွင် မိုးသည် ကန်များကျိုးပေါက်လောက်အောင် သဲသဲမဲမဲ ရွာတတ်သည်။
တန်ဆောင်မုန်းမိုးစွေ ကျွဲအိုနွားအိုသေ။             ။ အညာရပ်၌ တန်ဆောင်မုန်းလတွင် မိုးဆက်တိုက်ရွာသွန်းပါက ကျွဲအိုနွားအိုများသေကြသည်။
တန်ဆောင်မုန်းမိုးစွေ ကျွဲအိုနွားအိုသေ ဟူသော စကားကဲ့သို့ မိုးစွေနေတတ်သည်။
တန်ဆောင်မုန်း၊ သောင်ကတုံးချောင်ခွာ၊ မအိပ်ရာ။          ။ တန်ဆောင်မုန်းလတွင် တစ်ခါတစ်ရံ မိုးသက်မုန်တိုင်းကျတတ်သဖြင့် သောင်ကတုံး၌ လှေမရပ်နားဆိုက်ကပ်မည်ဆိုပါက အတွင်းကျသော၊ အကာအကွယ်ကောင်းသော နေရာ၌ ဆိုက်ကပ်ရပ်နားအိပ်စက်ရာသည်။ တန်ဆောင်မုန်းလတွင် အကာအကွယ်မရှိသော သောင်ကတုံးများ၌ လှေဆိုက်ကပ်အိပ်မိ၍ မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်ရန်၊ တန်ဆောင်မုန်း၊ သောင်ကတုံးချောင်ခွာ၊ မအိပ်ရာ ဟူသော ကဗျာလင်္ကာဖြင့် လှေသမားအချင်းချင်းသတိပေးခဲ့လေသည်။
မီးပန်းပွင့်တုန်း တန်ဆောင်မုန်း။ ။ တန်ဆောင်မုန်းလသည် မီးထွန်းပွဲတော်ကျင်းပသောကာလ ဖြစ်သည်။ မီးပန်းပွင့်တုန်း၊ တန်ဆောင်မုန်း၌၊ မအုန်းဝဿ၊ မကျနှင်းမြူ၊ မီးပန်းပွင့်တုန်း၊ တန်ဆောင်မုန်း၊ ထစ်အုန်းမိုးမဖွဲ၊
နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ်။             ။ နတ်တော်လသို့ ရောက်လျှင် ဆင်ခြေရာပျောက်ရုံ ရွာသော ဆင်ရာတိမ်မိုးဟူသော ရာသီမိုးရွာသည်။  နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ်၊ နတ်အိမ်မြှောက်ချီး၊ မုန့်ဓားလှီး။       ။ နတ်တော်လခါ ဆင်ခြေရာ၊ မြင်းခြေရာ တိမ်မြုပ်အောင်မိုးရွာသောကြောင့် အဖျားအနာ များ၍ နတ်များကိုသော်မှ ဆီကြော်မုန့်များအစား ဓားလှီးမုန့်နှင့် တင်ရသည်ဆိုလိုသည်။
ပြာသိုချမ်းပြင်း၊ ဆီးနှင်းရောယှက်၊ နှမ်းပုံဖျက်။ ။ အလွန်ချမ်းအေးလှသည့် ပြာသိုလတွင် ဆီးနှင်းနှင့် ရောထွေးရွာသွန်းတတ်သည့် မိုးသည် စုပုံထားသော နှမ်းများကို ပျက်ဆီးစေတတ်သည်။  (ပြာသိုအတွင်း၊ မိုးညင်းညင်း၊ ဆီးနှင်းရောယှက်၊ နှမ်းထောင်ပျက် ဟူ၍လည်း အဆိုရှိသည်။ ပြာသိုချမ်းပြင်း၊ ဆီးနှင်းရောယှက်၊ နှမ်းထောင်ပျက်။ ။ မိုးငယ်မိုးသေးနှင့် ရောနှော၍ ရွာသောကြောင့် ပြာသိုလအတွင်း ရိတ်သိမ်းစုပုံထားသော နှမ်းထောင်များ ပျက်လေ့ရှိသည်ကို ဆိုလိုသည်။
ပြာသိုတစ်ချက် တလင်းဖျက်။ ။ ပြာသိုလ၌ ရွာသောမိုးသည် တလင်း၌ ထားသော စပါးများ၊ သီးနှံများကို ပျက်စီးစေသည်။ ပြာသိုတစ်ချက် တလင်းဖျက်ဟူသော စကားနှင့်အညီ ပြာသိုလဆီ၌ မိုးကြွင်းမိုးကျန်များ ရွာလိမ့်မည်လားဟု တလင်းဆင်းနေဆဲ (၀ါ) မြေပဲရိုက်နေဆဲ၊ လှေ့ဆဲယာသမားတို့ စိတ်ပူတတ်ကြရသည်။
ပြာသိုလမိုက် ကဏန်းတိုက်။ ။ ပြာသိုလတွင် လဆုတ်လကွယ် ရက်များ၌ ကဏန်းအထွက်များသဖြင့် ကဏန်းရှာသူတို့ ကဏန်းအရများသည်။ ပြာသိုလမိုက် ကဏန်းတိုက် ဟူသော ပင်လယ်သားတို့ ဆိုရိုးစကားအတိုင်း ပြာသိုလသည် ကဏန်းအလွန်ပေါသော လဖြစ်ပါသည်။ ပြာသိုလမိုက် ကဏန်းတိုက် ဟူသောအဆိုအရ ပြာသိုလတွင် ကဏန်းအမိများကြောင်းသိရပါသည်။
တပို့တွဲ၊ နွှဲ၍ရွာခြင်း၊ သန်မိုးကြွင်း။           ။ တပို့တွဲလတွင် မိုးကျွင်းမိုးကျန်ကလေးများရွာတတ်သည်။
တပို့တွဲ၊ နွှဲ၍ရွာခြင်း၊ ကျန်မိုးကြွင်း။            ။ အကြွင်းအကျန်ဖြစ်သော မိုးကလေးများကို ကြိုးစား၍ ရွာဘိသကဲ့သို့ တပို့တွဲလမှာ မိုးရွာသေးသည်လိုလိုသည်။
တပို့တွဲ၊ ပေါက်လဲငုံကင်း၊ ထန်းရည်နင်း။            ။ ပေါက်ပွင့်၊ လက်ပံပွင့်များပွင့်သည့် တပို့တွဲလတွင် ထန်းသမားတို့သည် ထန်းရည်နင်းကြသည်။  ထန်းဥယျာဉ်သမားတို့သည် ထန်းပင်ပေါ်သို့ တက်၍ ထန်းလက်၊ ထန်းနို့၊ ထန်းခိုင်တို့ကို ညွတ်ကျလာအောင်ခြေနှင့်နင်းကြရပါသည်။ ပြီးလျှင် ထန်းလှီးကာ      ထန်းရည်ခံရပါသည်။ ဤသို့နင်းသည်ကို ထန်းရည်နင်းသည်ဟု ခေါ်စမှတ်ပြုကြောင်း သိရပါသည်။
တပို့တွဲ၊ ပေါက်လဲငုံကင်း၊ ထန်းရည်နင်း ဟူသော စကားပုံမှာ ဤအချက်ကို ရည်ညွန်းခြင်းဖြစ်ပါသည်။
တပေါင်း၊ တန်ခူး၊ မိုးသားကျူး။ ။  တပေါင်းလနှင့် တန်ခူးလတို့တွင် ကောင်းကင်ယံ၌ မိုးသားတိမ်တိုက်များ ဖြစ်ပေါ်လာသည်။
တပေါင်း၊ တန်ခူး၊ လေရူးဆော်။             ။ တပေါင်း၊ တန်ခူးလများတွင် လေရူးများဖြစ်ပေါ် တိုက်ခတ်သည်။ တန်ပေါင်း တန်ခူး လေရူးဆော်စ ခါသမယမို့ လေပြည်လေညှင်းသည် သုတ်သွင်းတိုက်ခတ်လေရာ၊
တပေါင်းလည်းကူး မိုးသားကျူး။ ။ တပေါင်းလတွင် ကောင်းကင်တစ်ခိုဝယ် မိုးသားတိမ်တိုက်များ ဖြစ်ထွန်းပေါ်ပေါက်လာသည်။
တပေါင်းလည်းကူး မိုးသားကျူး။ ။ တပေါင်းလမှာ မိုးမရွာ၊ မိုးသံသာနားမှာ ကြားရတော့သည် ဆိုလိုသည်။
တပေါင်းသာခေါင်လများနောင်။          ။ တစ်ဆယ့်နှစ်လရာသီတွင် တပေါင်းလသည် အသာယာဆုံးဖြစ်သည်။ တပေါင်းသာခေါင် လများနောင်တွင် တပေါင်းလသည် အသာယာဆုံးဖြစ်သည်။
Read More

Blogger news


Flag Counter