Blogger Widgets

မြန်မာ

မဂ်လာပါanyataya.poet@gmail.com
မဂ်လာပါ... အညတရ ပရဟိတ ဆိုဒ်လေးသို့ ရောက်လာခဲ့သော သူငယ်ချင်း ညီအကို မောင်နှမအားလုံးကို လိုက်လှည်းပျူငှာနွေးထွေးစွားကြိုဆိုပါ၏.. ကျွန်တော် အညတရ တော်လွန်းတတ်လွန်း နေလို့ ဒီဆိုဒ်လေးကို တည်ထောင်ခဲ့ရတာမဟုတ်ပါဘူး ဘာမှမသိ့ဘာမှမတတ်ပဲ ယောင်ဝါးဝါး စမ်းတ၀ါးဝါး နဲ့ ယိုင်နဲ့နဲ့ တည်ဆောက်နေတာပါ အမှား အယွန်းများ ရှိခဲ့ရင် သွန်သင်ညွှန်ပြပေးစေးလိုပါတယ် အားလုံးကိုချစ်တဲ့ အညတရ
မင်းနှင်းသစ်
Blogger Tips And Tricks|Latest Tips For BloggersFree BacklinksBlogger Tips And Tricks
....

Tuesday, May 14, 2013

အမျိုး၊ဘာသာ၊သာသနာ ကာကွယ်စောင့်ရှောက်ရေး

အမျိုး၊ဘာသာ၊သာသနာ ကာကွယ်စောင့်ရှောက်ရေး အမျိုး၊ဘာသာ၊သာသနာ ကာကွယ်စောင့်ရှောက်ရန်နည်းလမ်း အမှတ်(၆) မူဆလင်နှင့်ပတ်သက်လာလျှင် သဘောမကောင်းသင့်ကြောင်း သတိပြု၊ သတိပေးရန်။ မိတ်ဆွေ...သင်သည် မဂ်ပေါက်ဖိုလ်ခိုက် နိဗ္ဗာန်ဆိုက်အောင် စိုက်စိုက်စူးစူး အားထုတ်နေသော သူတော်စင်သူတော်မြတ်တစ်ဦးမဟုတ်ပါ က စိတ်ကောင်းစေတနာကောင်းကို နေရာ တိုင်းထား၍ မသင့်လျော်ကြောင်း သတိပြုပါ။ ကျွန်ုပ်တို့ အမိမြန်မာပြည်ကို လက်နက်အားကိုးဖြင့် အဓမ္မသိမ်းပိုက်ကာ ကျွန်ပြုအုပ်ချုပ်နေခဲ့သော နယ်ချဲ့မျက်နှာဖြူကို ကျွန်တော်တို့ ရဲ့အဘိုး အဘွားတွေဟာ စိတ်ကောင်းစေတနာကောင်းထားပြီး သည်းခံခွင့် လွှတ်မေတ္တာပို့နေခဲ့ပါက ကျွန်ုပ်တို့သည် ယခုအချိန်ထိ ကျွန်ဘဝမှ လွတ်မည် မဟုတ်သည်ကို အထူးသတိပြုပါ။ ယခုကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ မူဆလင်အန္တရာယ်ဟာ ဗြိတိသျှ ကိုလိုနီနယ်ချဲတွေရဲ့အန္တရာယ်ထက် များစွာပိုမိုကြီးမားပါတယ်။ဗြိတိသျှတွေ ဟာ ကျွန်တော်တို့ရဲ့နိုင်ငံကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့တစ်တွေကို သူ့ကျွန်ဘဝရောက်အောင် လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကို လူမျိုးပျောက်အောင် မလုပ်နိုင်ပါဘူး။ ဗုဒ္ဓဘာသာပျောက်အောင်မလုပ်နိုင်ခဲ့ပါဘူး။ လူမျိုးနဲ့ဘာသာမပျောက်ခဲ့တဲ့အတွက် ဒီလူမျိုးထဲက ဗိုလ်ချုပ်အောင်ဆန်းလို အာဇာနည် သူရဲကောင်းတွေပေါ်ပြီး ကျွန်တော်တို့မြန်မာတွေ စည်းလုံး ညီညွတ်စွာနဲ့ ဗြိတိသျှနယ်ချဲ့ ကိုတော်လှန်ရေး ဆင်နွဲနိုင်ခဲ့ကြတယ်။ ကိုယ့်မင်းကိုယ့်ချင်းနဲ့လွတ်လပ်တဲ့မြန်မာနိုင်ငံတော်ကိုလည်း ပြန်လည် ထူထောင်နိုင်ခဲ့ပါတယ် ။ဒီလိုလွတ်လပ်ရေးပြန်ရအောင် လုပ်နိုင်ခဲ့တဲ့အတွက် ဗြိတိသျှတွေရဲ့လက်ချက်ကြောင့် နိုင်ငံဆုံးရှုံးမှုဟာ ယာယီဆုံးရှုံးမှုပဲဖြစ်ခဲ့ပါ တယ်။ ထာဝရဆုံးရှုံးမှု မဖြစ်ခဲ့ပါဘူး။ ယခုမူဆလင်တွေကတော့ ဗြိတိသျှတွေ လို နိုင်ငံကို စတင်သိမ်းပိုက်ခြင်းမဟုတ်ပဲ လူမျိုကိုလိုနီနယ်ချဲ့ စနစ်ကျင့်သုံးပြီး ကျွန်တော်တို့ရဲ့ လူမျိုးနဲ့ဘာသာကို အရင်သိမ်းပိုက်နေပါတယ်။ လူမျိုးပျောက်အောင် အရင်လုပ်နေပါတယ် ဒီလူမျိုကိုလိုနီနယ်ချဲ့တွေရဲ့ လက်ချက်ကြောင့် လူမျိုးနဲ့ ဘာသာပျောက်သွားရင် နိုင်ငံဟာ အလိုအလျောက် ပျောက်သွားမှာဖြစ်ပါတယ်။ သုဝဏ္ဏဘူမိကနေ အင်ဒိုနီးရှားဖြစ်သွား ခဲ့တဲ့သမိုင်းတွေကို ကြည့်ပါ။ အဲဒီလို မူဆလင်တွေရဲ့ လူမျိုကိုလိုနီနယ်ချဲ့စနစ်ကြောင့် နိုင်ငံဆုံးရှုံးသွားရင် မြန်မာနိုင်ငံ ပြန်ဖြစ် လာအောင်လုပ်မယ့် မြန်မာလူမျိုးဆိုတာကို မရှိတော့ တဲ့အတွက် ဘယ်သောအခါ မှ မြန်မာနိုင်ငံ ဆိုတာ ပြန်ပေါ်လာမှာ မဟုတ်တော့ပါဘူး။ဒါကြောင့် မူဆလင်တွေရဲ့လက်ချက်ကြောင့် နိုင်ငံဆုံးရှုံးသွားရင် ယာယီဆုံးရှုံးခြင်းမဟုတ်ပဲ ထာဝရဆုံးရှုံးသွားမှာဖြစ်ပါတယ်။ အများနားလည်အောင် ဥပမာတစ်ခုပြောရရင် မြန်မာနိုင်ငံဆိုတာ မြေပေါ်မှာ ထင်ထင်ရှားရှားပေါက်နေ တဲ့သစ်ပင်ကြီးနဲ့တူပါတယ်။ မြန်မာလူမျိုးတွေဟာ အဲဒီသစ်ပင်ကြီးရှင်သန်နေဖို့အတွက် မရှိမဖြစ် လိုအပ်တဲ့မြေအောက်က အမြစ်တွေနဲ့တူပါတယ်။ ဗြိတိသျှတွေဟာ မြန်မာနိုင်ငံဆိုတဲ့သစ်ပင်ကြီးကို ခုတ်လှဲဖျက်ဆီးနိုင်ခဲ့ပေမယ့် မြန်မာလူမျိုးဆိုတဲ့ အမြစ်ပြုတ်အောင်မဖျက်ဆီးနိုင်ခဲ့တဲ့အတွက် မြန်မာလူမျိုးဆိုတဲ့အမြစ်ကနေ မြန်မာနိုင်ငံဆိုတဲ့သစ်ပင်ကြီး  ပြန်လည်ရှင်သန် ပေါက်ပွားနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ အခု မူဆလင်တွေကတော့ ဗြိတိသျှတွေလို လူတွေ ထင်ထင်ရှားရှား မြင်နေရတဲ့ မြန်မာနိုင်ငံဆိုတဲ့သစ်ပင်ကြီးကိုခုတ်လှဲဖျက်ဆီးနေခြင်းမဟုတ်ပဲ ဒီသစ်ပင်ကြီး ရှင်သန်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ မြေအောက်က မြန်မာလူမျိုးဆိုတဲ့အမြစ်တွေကို လူမသိသူမသိ ကိုက်ဖြတ်ဖျက်ဆီး စားသောက်နေတဲ့ ပိုးကောင်တွေနဲ့တူပါတယ်။ ဒီပိုးကောင်တွေရဲ့ကိုက်ဖြတ်စားသောက်မှုကိုမကာကွယ်ကြလို့မြန်မာလူမျိုးဆိုတဲ့အမြစ်တွေပျက်စီးလျော့နည်းကုန်ခန်းသွားပြီဆိုရင်တော့ မြန်မာနိုင်ငံ ဆိုတဲ့သစ်ပင်ကြီးဟာ အလိုအလျောက် ပြိုလဲပျက်စီးသွားမှာ ဖြစ်ပါတယ်။ ဒီတစ်ခါ ပြိုလဲပျက်စီးခြင်းကတော့ အမြစ်အရင်းပါမကျန် ဖျက်ဆီးခံရပြီး ပြိုလဲပျက်စီးခြင်းဖြစ်သောကြောင့် ဘယ်သောအခါမှ ပြန်လည် မရှင်သန်နိုင်တော့ပဲ ထာဝရပြိုလဲပျက်စီး ပျောက်ကွယ်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလူမျိုကိုလိုနီနယ်ချဲတွေရဲ့ အန္တရာယ်ဟာ ဗြိတိသျှနယ်ချဲ့တွေ ရဲ့အန္တရာယ်ထက်ပိုပြီးကြီးမား တယ်လို့ပြောရခြင်းပဲ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ကျွန်တော်တို့ မြန်မာနိုင်ငံဆိုတဲ့ သစ်ပင်ကြီးကို အပြင်ပန်းကနေ ကြည့်မယ်ဆိုရင် အကောင်းပကတိအတိုင်း စိမ်းလန်းဝေဆာနေ တယ်လို့ပဲ မြင်ရမှာဖြစ်ပါတယ်။ ဒီလိုမြင်နေရတဲ့အတွက် တို့အပင်ကြီးတော့ ဘာအန္တရာယ်မှ မရှိပါဘူး။ ဘယ်တော့မှ လဲကျပျက်စီးသွား မှာမဟုတ်ပါဘူးလို့ အတွေးဝင်ရင်တော့ အမှားကြီးမှားကြပါလိမ့်မယ်။ တဲဘာဖြစ်လို့လဲဆိုတော့ ဒီအပင်ကြီးအတွက် မရှိမဖြစ်လိုအပ်တဲ့ မြေအောက်ကအမြစ်တွေကို ပိုးကောင်တွေက အရှိန် အဟုန်ပြင်းပြင်း နဲ့ကိုက်ဖြတ်ဖျက်ဆီးနေကြပါပြီ။ ကျွန်တော်တို့ဟာ ဒီပိုးကောင်တွေရဲ့အန္တရာယ်ကို ကာကွယ်ဖို့အတွက် အင်္ဂလိပ်နယ်ချဲ့ထက်ပိုပြီး အန္တရာယ်ကြီးတဲ့လူမျိုနယ်ချဲ့တွေရဲ့ အန္တရာယ်ကိုကာကွယ်ဖို့အတွက် မူဆလင်နှင့်ပတ်သက်လာလျှင် သဘောထားကြီးမနေသင့်ပါဘူး။အိမ်ရှင်ကို စော်ကားရုံတင်မက အိမ်တိုင်ပါချွတ်ယူဖို့ ကြိုးစားတဲ့ ဧည့်သည်တွေအပေါ်မှာတော့ ကျွန်တော်တို့အိမ်ရှင်တွေအနေနဲ့ ဧည့်ဝတ်ကျေပွန်မနေသင့်ပါဘူး။ သဘောတွေ ကောင်းမနေသင့်ပါဘူး။ ကျွန်တော်တို့ဟာ ရဟန္တာတွေ မဟုတ်ပါဘူး။ ပုထုဇဉ်ပါ။ ဒီတော့ ကိုယ့်လူမျိုးကို ချစ်ပါတယ်။ ကိုယ့်နိုင်ငံကိုမြတ်နိုးတယ်။ မြန်မာလူမျိုးနဲ့မြန်မာနိုင်ငံကို ကမ္ဘာတည်သရွေ့ တည်တံ့အောင် ကာကွယ်စောင့်ရှောက်ရမယ့် သမိုင်းပေးတာဝန်လည်း ကျွန်တော်တို့မှာ ရှိတယ်။ ဒီတာဝန်ဟာ တရားသောတာဝန်ပါ။ ကျွန်တော်တို့ မြန်မာတိုင်းရင်းသားတိုင်း မထမ်းဆောင်လျှင်မဖြစ် ထမ်းဆောင်ရမယ့် အရေးအကြီးဆုံး သမိုင်းပေးတာဝန်ကြီးပါ ။ ဒါကြောင့် မြန်မာလူမျိုးနဲ့မြန်မာနိုင်ငံ ကမ္ဘာတည်သရွေ့ တည်တံ့နိုင်ဖို့အတွက် လုပ်ဆောင်ဖို့လိုအပ်တဲ့ကိစ္စမှန်သမျှ ကျွန်တော်တို့ လုပ်ကြရမယ်။ ဆောင်ရွက်သင့်တဲ့ ကိစ္စမှန် သမျှ ဆောင်ရွက်မယ်။ လိုက်နာသင့်တဲ့စည်းကမ်းမှန်သမျှ လိုက်နာရမယ်။ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး မကွယ်ပျောက်အောင် ကာကွယ်ဖို့ လိုအပ်လို့လုပ်တဲ့ကိစ္စမှန်သမျှဟာ တရားမျှတပါတယ်။ ဖြစ်ပေါ်လာနိုင်သည့်အရေး မျှော်တွေးကာကွယ်ပါ မြတ်စွာဘုရားသည် သံသရာဝဋ်ဆင်းရဲမှ သတ္တဝါများအား ကယ်တင်ရေးကို အဓိကထား၍ ဟောတော်မူ ခဲ့သည်။ထိုတရားများကိုလိုက်နာကျင့်သုံးလျှင် လောကုတ္တရာရေးရာသာမက လောကီအရေးကိစ္စများတွင် လည်း များစွာ အကျိုးရှိနိုင်ပေသည်။ ဥပမာအားဖြင့် သတ္တနိပါတ်၊ ကောဋိသိမ္ဗလိဇာတ်တွင် ''သေကၤယ် သကၤိတဗၺာနိ ရေကၡယ်နာဂတဘံဘံဘံ ယ'ံ'ံ 'အစချီသော ဂါထာကို ဟောခဲ့သည်။ အဓိပ္ပါယ်မှာ ခုရောနောင် ပါ နှစ်ဖြာသောလောက အကျိုးကိုမျှော်မြင်ပြီး တင်ကြိုစိုးရိမ်၍ ဆင်ခြင်ပြုလုပ်သင့်ကြောင်း ညွှန်ကြားတော် မူခဲ့သည်။ ပညာရှိပုဂ္ဂိုလ်ကြီးများက ဂါထာ၏အဓိပ္ပါယ်မှနွယ်၍ အောက်ပါအရေးကိစ္စများကို သတိပေးခဲ့ကြသည်။ ၁။ ညောင်စေ့ကလေးမှ ညောင်ပင်ကြီးဖြစ်လာမည့်အရေးကိုမြင်လျှင် တင်ကြိုစိုးရိမ်၍အမြန် ဖယ်ရှားပစ် သင့်သည်။ ၂။ ကြွေးမြီကလေးများကို မထီမဲ့မြင်မပြုပဲ မြန်စွာ ရှင်းလင်းသင့်သည်။ ၃။ မီးကြွင်းမီးကျန်များကို အနည်းငယ်ကလေးပဲဟု အမှတ်တမဲ့ မေ့လျော့ပေါ့တန်ခြင်းမရှိစေပဲ အမြန်ဖယ်ရှား ငြိမ်းသတ်ရမည်။ ၄။ ရန်ငြိုးတစ်စုံတစ်ခုရှိလျှင် ပေါ့လျော့မနေပဲ သတိပြုဂရုစိုက်ကာ တစ်နည်းနည်းဖြင့် ပျောက်ပျက် ရှင်းလင်း ရန်ကြိုးစားရမည်။ မပြော ပလောက်သော ရန်စကလေးက တဖြည်းဖြည်းကြီးထွားတတ်သည်ကို တင်ကြိုစိုးရိမ်ရမည်။ ၅။ ရောဂါ တစ်စုံတစ်ခု အနည်းငယ်ဝင်ရောက်လျှင် အရေးမကြီးပါ၊ ကိစ္စမရှိပါဟု ဂရုမပြုအလေးမထားခြင်း မပြုဘဲရောဂါနုစဉ် ငြိတွယ်စပြုလျှင် အလျဉ်းပျောက်ကင်းအောင် ကုစားရမည်။ ၆။ မိမိတို့အမျိုးသား၊ အမျိုးသမီးတို့ သိုက်မြိုက်အေးချမ်းစွာနေထိုင်သော နိုင်ငံတွင်းသို့ အမျိုးမတူ၊ ဘာသာမတူသောလူမျိုးကွဲများ အတည် တကျနေထိုင်ရန် ဝင်ရောက်လာပါလျှင် ပေါ့လျော့စွာမနေပဲ အရေးယူကာ ကာကွယ်မှုများပြုလုပ်ရမည်။ နိုင်ငံခြားမှ ဇာတ်မတူသောလူမျိုးကွဲများသည် တစ်စတစ်စ ကြီးပွားပေါများလာကာ တိုင်းရင်းသားများကို လွှမ်းမိုး ဝါးမျိုသွားတတ်သည်။ ၇။ မိမိတို့ကိုးကွယ်သောဘာသာ သာသနာကို ထိခိုက်နှောင့်ယှက်သော သာသနာတစ်မျိုးဝင်လာလျှင် လျင်မြန်စွာပယ်ရှားရေး ကြံဆောင် ပြုလုပ်ရမည်။ ထိုသူတို့ဓလေ့ထုံးစံများတွင်ကျယ်လာလျှင် မိမိတို့၏ ဘာသာသာသနာများညှိုးမှိန်ပျက်စီးတတ်သည်။ ၈။ မိမိပိုင်ဆိုင်သောမြေကွက်တွင် မဆိုင်သူများ ဝင်လာလျှင် ဖယ်ရှား ပစ်သင့်သည်။ အနေကြာသော အခါ မြေရှင်ကိုတော်လှန်ဒုက္ခပေးတတ်သည်။ ၉။ မိမိသားသမီး၊ တူသားနောင်မယ်များ မကောင်းသောအမူအကျင့်၊ အပြောအဆို၊ အနေအထိုင်များ ကို တွေ့မြင်လျှင်မိရိုးဖလာ ယဉ်ကျေးမှုများကို သင်ကြား ပြုပြင်ပေးခြင်းဖြင့်လိမ္မာရေးခြားရှိအောင် အကျင့်ဆိုးများ အမြစ်မတွယ်ခင်တင်ကြိုသွန်သင်ရမည်။ ရှင်တော်မြတ်ဘုရား၏ အထက်ပါဂါထာသည် ကြိုတင်ကြံဆ စိုးရိမ်ရမည့် အရေးတို့ကို သတိပေးထား ရာ လောကီအရေးတွင်လည်း အလွန် အကျိုးကြီးမားကြောင်း တင်ပြလိုက်ရပါသည်။ (မြတ်မင်္ဂလာစာစောင်၊ ၂ဝဝဝ-ပြည့်နှစ်၊ အောက်တိုဘာလထုတ်။) အမျိုး၊ဘာသာ၊သာသနာ ကာကွယ်စောင့်ရှောက်ရေး လူထု မောင်ကာဠု ဆိုဒ်မှပြန်လည်းကူးယူတင်ပြသည်

0 comments:

Post a Comment

Blogger news


Flag Counter